Oct 26
Right Click လုပ်ပြီး New Folder တခုတည်ဆောက်လိုက်ပါ။

New Folder ကို rename လုပ်ကာ rename တွင် hightlight ပေါ်လာပါက Alt+0160 ရိုက်လိုက်ပါ၊ ထိုစဉ်တွင် New Folder name ပျောက်သွားတာ ပုံတွင်မြင်ရသည့် အတိုင်းတွေ့ရပါလိမ့်မည်။

၎င်းအမည်မရှိတဲ့ Floder ပေါ်ကို Right Click လုပ်ပြီး Properties ထဲက Customize tab လေးကိုနှိပ်လိုက်ပါ။ Change Icon ဆိုတဲ့ bottom ကို အထက်ပါပုံ အတိုင်း တဆက်လက် နှိပ်လိုက်ပါ။
![]()
Change Icon for Folder window ပေါ်လာတာ တွေ့လိမ့်မည်။ အဲဒီထဲကမှ အထက်ပုံပါတိုင်း ဗလာဖြစ်နေတဲ့ ပုံတခုကို ရှာပြီး ရွေးပေးလိုက်ပါက ယခင်က တည်ဆောက်ထားတဲ့ Folder ပျောက်သွားတာ တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် ကိုယ့်ရဲ့ လျို့ဝှက် စာရွက်စာတမ်း အချက်အလက်များကို လုံခြုံစေသော နည်းလမ်းတခု အနေနှင့် သိမ်းစည်းထား နိုင်ကြောင်း ပါခင်ဗျာ။
November 15th, 2007 at 7:57 am
ဖျောက်တာကတော့ဟုတ်ပါပီး။ ပြန်ဖေါ်ချင်ရင် ဘယ်လိုပြန်ရှာရမှာလဲ။ လုပ်ပါအုံး
July 24th, 2008 at 6:18 am
အော်တာ+ ၁၀၆၀ ဆိုတဲ့ နာမည်ကြီးတော့ကျန်နေတယ်မို့ လားခင်ဗျာ….
အဲဒါကြီးကျန်ပြီးဖိုဒါတော့ပျောက်သွားပါတယ်။
ပြန်ရှာချင်ရင်..အဲဒီဖိုဒါကို ညာကလစ်ပေးပြီး ပရောပါတီးကိုဝင် နောက်
ကတ်စတွန်မိုက်ထဲက ပုံတစ်ခုခုကိုရွေးလိုက်ရင်ရမယ်ထင်ပါတယ်
August 19th, 2008 at 9:47 am
rename လုပ်တယ် ဆိုတာဘာလဲ၊ နောက်ပြီး hightlight ပေါ်လာပါက Alt+0160 ရိုက်လိုက်ပါ။ လို့  အပေါ်မှာရေး ထားပြီး ကြည်အေး အမေး ကို အောင်မြင့် ဖြေရာတွင် အော်တာ+၁၀၆၀ ဆိုပြီး ရေး ထားပြန် ပါတယ်၊ ဘယ်ဟာ အမှန် လဲ။ ကူညီပါအုံး